သင်၏လုပ်ငန်းအနေဖြင့် စက်ရုံ၊ အလုပ်ရုံများရှိ လုပ်သားများနှင့် ရုံးများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ လက်လှမ်းမှီအောင် လုပ်ဆောင်နိုင်သည့် မည်သို့သော ဆန်းသစ်သောဖြေရှင်းချက်များ ဖန်တီးနိုင်မည်နည်း? 

လုပ်ငန်းခွင်အတွင်း အာဟာရပြည့်ဝမှုသည် လုပ်ငန်းများအတွက်ပါအကျိုးရှိစေနိုင်သည့်အပြင် ဝန်းထမ်းများ၏ကျန်းမာရေးနှင့် လုပ်ငန်း၏ ရလာဒ်များကိုပါကောင်းမွန်စေပါသည်။ ထိုသို့ဖြစ်ခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များထဲမှ အာဟာရပြည့်ဝခြင်းမှတ်တိုင်များကို ဖြည့်ဆည်းရာလည်းရောက်စေပါသည်။

 

အာဟာရပြည့်ဝစွာ စားသုံးခြင်းသည် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် သုခကိုပါ ကောင်းမွန်စွာ သက်ရောက်စေနိုင်ပါသည်။ လုပ်ငန်းရှင်များအနေဖြင့်လည်း အလုပ်ချိန်အတွင်း မိမိ၏လုပ်သားများအား အာဟာရပြည့်ဝသော အစားအစာများစားစေခြင်းဖြင့် ၄င်း၏ လုပ်သားအင်အားများအား ကျန်းမာရေးကောင်းမွန်စေပြီး လုပ်ငန်း၏ရလာဒ်ကောင်းမွန်စေနိုင်ပါသည်။

 

ဤဆန်းသစ်တီထွင် ဖန်တီးမှုနယ်ပယ်အောက်တွင် I2N Challengeသည် အောက်ပါတို့ကို ဖြေရှင်းနိုင်မည့် ဆန်းသစ်တီထွင်သည့် ဖြေရှင်းချက်များကို ရှာ‌ဖွေလျက်ရှိပါသည်။

လုပ်ငန်းခွင်အတွင်း အာဟာရနှင့်ကျန်းမာရေး

မိခင်နို့တိုက်ကျွေးခြင်းအား အားပေးထောက်ပံ့ခြင်း။ ။ မွေးကင်းစကလေးငယ်များ နို့ချိုတိုက်ကျွေးနေသော မိခင်များအား အချိန်နှင့် နေရာပေးခြင်း (သို့အဟုတ်) မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်နှင့်ကလေးအတွက် အရေးကြီးကြောင်းဖော်ပြခြင်း။

အာဟာရနှင့်ပက်သက်သော အသိပညာ။ ။ စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းခွင်များတွင် အာဟာရစီမံခြင်းနှင့် ပက်သက်သော သင်တန်းများနှင့် အစီအစဉ်များ ပြုလုပ်ပေး၍ ဝန်ထမ်းများနှင့် မိသားစုများအား အာဟာရပြည်ဝစွာ စားသုံးတတ်ရန် သိရှိစေခြင်း။

အာဟာရအဓိကထားသော ကျန်းမာရေးစစ်ဆေးခြင်းများ။ ။ စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းခွင်များတွင် ကျန်းမာရေးစစ်ဆေးပေးသော ဝန်ဆောင်မှုများ ထားရှိစေခြင်း အထူးသဖြင့် သွေးတွင်းအာဟာရဓာတ်အဆင့်၊ သွေးဖိအား (သို့မဟုတ််) ခန္ဓာအညွှန်းကိန်းစစ်ဆေးမှုများ။

လုပ်ငန်းခွင် အာဟာရပြည့်ဝသော အစားအစာများ။ ။ ဝန်းထမ်းများ ကျန်းမာရေးကောင်းမွန်စေရန် နှင့် အာဟာရပြည့်ဝစေရန် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများနှင့် မုန့်များပြုလုပ်နည်းများအား မျှဝေပေးခြင်း။ 

Examples