သင်၏လုပ်ငန်းအနေဖြင့် ရောင်းလိုအား ကွင်းဆက်အတွင်းတွင်ရှိသော ရိတ်သိမ်းပြီးချိန် ပျက်စီးဆုံးရှုံးမှုများလျော့ချရန်နှင့် အာဟာရပြည့်ဝမှုကို ပြန်လည်ရရှိစေရန် မည်သို့သော ဆန်းသစ်သောဖြေရှင်းချက်များ ဖန်တီးနိုင်မည်နည်း? 

ဝင်ငွေနိမ့်သော နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများတွင် ဦးရေ ခန့်မှန်းချေ ၈၀၀ မီလီယမ်သည် အစားအစာ ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားနေရပြီး၂ ဘီလီယမ်သည် အာဟာရချို့တဲ့ခြင်း ပြဿနာများကို ခံစားနေရခြင်းနှင့် အတူကမ္ဘာပေါ်တွင်ရှိသော အံ့ဩဖွယ်ကောင်းသော အစားအသောက်၏ ပမာဏသည် မစားသောက်ရပဲ အလေအလွင့်ဖြစ်လျက်ရှိပါသည်။

 

အာဖရိက၏ ဆာဟာရဒေသတစ်ခုတည်းတွင်ပင် ခန့်မှန်းချေ စိုက်ပျိုးမှု၏ ၃၀ မှ ၆၀ ရာခိုင်နှုန်းသည် စားသုံးသူတို့ထံသို့ မည်သည့်အခါမျှ ရောက်ရှိခြင်းမရှိသော ပြဿနာကို တွေ့ကြုံနေရပါသည်။ ထိုသို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ရခြင်းမှာ အစားအစာများရိတ်သိမ်းပြီးသောအချိန်နှင့် ဈေးကွက်သို့ ပို့ဆောင်သောကာလတွင် ရိတ်သိမ်းပြီးချိန်တွင် ပျက်စီးဆုံးရှူံးသော စိန်ခေါ်မှုကို ရင်ဆိုင်နေရခြင်းကြောင့် ဖြစ်ပါသည်။ အစားအသောက်များအသွင်ပြောင်းခြင်းနှင့် တန်ဖိုးမြှင့်တင်ခြင်းတို့ဖြင့် အစားအသောက်များ ထုတ်လုပ်ခြင်းသည် အစားအသောက်များရိတ်သိမ်းပြီးချိန်တွင် ပျက်စီးဆုံးရှုံးမှုများကို လျော့ချပေးနိုင်ပြီး အာဟာရပြည့်ဝမှုကို ပြန်လည်ရရှိစေသည့်အပြင် ဈေးကွက်ထဲတွင် အာဟာရပြည့်ဝသော အစားအစာများ ရရှိနေမှုကို မြင့်တက်စေပါသည်။

 

ဤဆန်းသစ်တီထွင် ဖန်တီးမှုနယ်ပယ်အောက်တွင် I2N Challengeသည် အောက်ပါတို့ကို ဖြေရှင်းနိုင်မည့် ဆန်းသစ်တီထွင်သည့် ဖြေရှင်းချက်များကို ရှာ‌ဖွေလျက်ရှိပါသည်။

ရိတ်သိမ်းပြီးချိန် ပျက်စီးဆုံးရှုံးမှုများ လျော့ချခြင်း

အစားအသောက်များအသွင်ပြောင်းခြင်းနှင့် တန်ဖိုးမြှင့်တင်ခြင်းတို့ဖြင့် အစားအသောက်များ ထုတ်လုပ်ခြင်းကို အနီးကပ်ဆုံး လုပ်ဆောင်ခြင်း

 

ဉပမာ- သီးသန့်အပိုင်းစက်ရုံများ၊ စိုက်ပျိုးမြေများအနီးတွင် အစားအသောက်များ အသွင်းပြောင်းထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များ နှင့် ရွေ့လျားထုပ်ပိုးအိမ်များ။

အစားအစာများ ပို့ဆောင်ရာနေရာသို့ရောက်ခါနီးတွင် အအေးခံ ဆန်းသစ်မှု ကွင်းဆက် လုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်း ဉပမာ- စိုက်ပျိုးမြေအနီး ရွေ့လျား ကြိုတင်အအေးခံခြင်း၊ ပမာဏအနည်းငယ် အသုံးပြုရသော အအေးခံသေတ္တာများ၊ ထုပ်ပိုးအိမ်အစိတ်အပိုင်းများ နှင့် နေရောင်ခြည်ဓာတ်အားသုံး အအေးသိုလှောင်ရာနေရာများ။

စားသောက်ကုန်များ ဖြန့်ဝေရန် ခက်ခဲသောနေရာများနှင့် အအေးပေးသောလုပ်ဆောင်ချက်များ မရရှိသောနေရာများတွင် အစားအစာများပျက်စီးမှုများကို ကာကွယ်ရန် ငွေကြေးသက်သာပြီး နေရောင်ခြည်ဓာတ်အားသုံး အခြောက်ခံခြင်းလုပ်ငန်းစဉ်များအား လုပ်ဆောင်ခြင်း။

စားသောက်ကုန်များ ကိုင်တွယ်ရာတွင် လုပ်ငန်းစဉ်အသစ်များ လုပ်ဆောင်ခြင်း ဉပမာ - ပုံထပ်၍ ပြန်လည်အသုံးပြုနိုင်သော သေတ္တာများ။ ရိတ်သိမ်းပြီးချိန်ပျက်စီးဆုံးရှုံးမှုများကို လျော့ချနိုင်သော နည်းပညာများ (သို့မဟုတ်) စနစ်များ ဉပမာ- အီသိုင်လင်း စောင့်ကြည့်ခြင်း။

Examples