စားသုံးသူများ အထူးသဖြင့် ဝေးလံခေါင်ဖျားသောဒေသမှ ပြည်သူများထံသို့ အာဟာရရှိသည့် စားသောက်ကုန်များကို သက်သာစွာ ထောက်ပံ့ရေး၊ ဝယ်လိုအားနှင့် ဖြန့်ဖြူးရေး တိုးတက်စေရန် ဆန်းသစ်တီထွင်မှုရှိသည့် ဖြေရှင်းချက်တစ်ခုကို သင့်၏လုပ်ငန်းသည် မည်သို့ဖန်တီးနိုင်မည်နည်း။

အဟာရရှိသော အစားအသောက်များကို မည်သည်က ထုတ်လုပ်နိုင်သည်ကို ခန့်မှန်းခြင်းနှင့် စားသုံးသူများ ဝယ်လိုအားများသည့် စားသောက်ကုန်များကို ခန့်မှန်းခြင်းတို့ကြားတွင် ကွာဟချက်တစ်ခု အမြဲလိုလို ရှိတတ်ပါသည်။ စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝယ်လိုအားများခြင်းတို့ကို ခန့်မှန်းရာတွင် သတင်းအချက်အလက်မျှဝေခြင်းမရှိပါက လိုအပ်သည်ထက် အလွန်အကျွံထုတ်လုပ်မိခြင်းနှင့် အာဟာရရှိသော စားသောက်ကုန်များကို လုံလောက်စွာ မထုတ်လုပ်၊ မထောက်ပံ့နိုင်ခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

 

စျေးကွက်ချိတ်ဆက်မှုသည် ထောက်ပံ့မှုဆိုင်ရာ လိုအပ်ချက်များ၊ စျေးကွက်အတွင်း စျေးနှုန်းမတည်ငြိမ်ခြင်း၊ အာဟာရရှိသော အစားအစာများကို လိုအပ်သည့် နေရာ၊ လိုအပ်သည့်အချိန်တွင် ရရှိနိုင်သည့် ပိုမိုထိရောက်သော ကုန်သွယ်မှုစနစ်တစ်ခုကို ဖန်တီးခြင်းတို့အတွက် လိုအပ်သည့် နည်းစနစ်ကျသော အရင်းအမြစ်တစ်ခုကို ပေးစွမ်းပါသည်။ ဤဆန်းသစ်တီထွင် ဖန်တီးမှုနယ်ပယ်အောက်တွင် I2N Challengeသည် အောက်ပါအကြောင်းအရာကို ဖြေရှင်းနိုင်မည့် ဆန်းသစ်တီထွင်သည့် ဖြေရှင်းချက်များကို ရှာ‌ဖွေလျက်ရှိပါသည်။

ဈေးကွက်ချိတ်ဆက်မှု

အထူးသဖြင့် ဝေးလံခေါင်ဖျားသောဒေသများနှင့် ဝင်ငွေနိမ့်ပါးသော ဒေသများရှိ စားသုံးသူများထံသို့ စျေးနှုန်းသက်သာသော အာဟာရရှိသည့် စားသောက်ကုန်များ ဖြန့်ဖြူးပေးသူများနှင့် ပြည်တွင်းထုတ်လုပ်သူများကြား ဈေးကွက်ဖန်တီးမှု အဖိုးအခများရှိစေရန် နည်းပညာနှင့် ပုံစံငယ်များ တီထွင်ခြင်း (သို့မဟုတ်) အသုံးပြုခြင်း။ ဥပမာ - မိုဘိုင်းလ်ဖုန်းများမှတဆင့် စျေးကွက်ဖန်တီးပေးခြင်း၊ ဝယ်လိုအားများသည့် စားသောက်ကုန်များကို ဝယ်ယူခြင်း၊ စိုက်ပျိုးသူများအတွက် အွန်လိုင်းမှတဆင့် ဈေးကွက်များ ဖန်တီးပေးခြင်း၊ စာရင်းပေးသွင်းခြင်းအပေါ်မူတည်၍ စားသောက်ကုန်များ ပို့ဆောင်ပေးခြင်း၊ ဝယ်လိုအားအပေါ်မူတည်၍ ထောက်ပံ့သိုလှောင်မှုအတွက် ကြားခံအရာများအသုံးပြုခြင်း၊ smart contractsများ၊ ခန့်မှန်းထားသော ထောက်ပံ့မှုကွင်းဆက် ခွဲခြမ်းစိတ်ဖြာခြင်းများ၊ blockchain ကို အခြေခံထားသော နည်းပညာများ၊ ထုတ်ကုန်ပို့ဆောင်ရာတွင် စီးပွားရေး မျှဝေခြင်းများ၊ နို့ထုတ်လုပ်သည့် စက်ပစ္စည်းမျာ။

လတ်ဆတ်မှု အပေါ်အခြေခံ၍ စျေးနှုန်းသတ်မှတ်ချက်ပုံစံများ တီထွင်ခြင်း (သို့မဟုတ်) အသုံးချခြင်း။

စွန့်ပစ်စားသောက်ကုန်များအတွက် ဒုတိယဈေးကွက်ကို ရှာဖွေခြင်း။

Examples