ဘေးကင်းပြီး အာဟာရရှိသော အစားအစာများကို ပြည်တွင်းတွင် စားသုံးနိုင်မှု မြင့်တက်စေမည့် ထောက်ပံ့ရေးနှင့်အတူ စားသောက်ကုန်ဘေးကင်းလုံခြုံမှုကို ရရှိစေရန် ဆန်းသစ်တီထွင်မှုရှိသည့် ဖြေရှင်းချက်တစ်ခုကို သင့်၏လုပ်ငန်းသည် မည်သို့ဖန်တီးနိုင်မည်နည်း။

ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ ပိုးသတ်ဆေးများ၊ အဆိပ်များ၊ သို့မဟုတ် ဓာတုဓာတ်ပစ္စည်းများပါဝင်သော စားသောက်ကုန်များသည် ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် လူသန်းပေါင်း ၆၀၀ကျော်ကို နာမကျန်းဖြစ်စေပြီး လူဦးရေ ၄၂၀,၀၀၀ကို သေဆုံးစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ခန့်မှန်းထားပါသည်။ ဘေးကင်းလုံခြုံမှုမရှိသော အစားအစာများကြောင့် ဖြစ်ပွားသော နာမကျန်းမှုများသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး စီးပွားရေး၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများကို ပျက်စီးစေပါသည်။ ဘေးကင်းလုံခြုံမှုမရှိသော အစားအစာများသည် ဝင်ငွေ အနိမ့်ပိုင်း နှင့် အလယ်အလတ်ရရှိသော စီးပွားရေးလုပ်ငန်းများကို ထုတ်လုပ်နိုင်စွမ်းတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉၅ ဘီလျံခန့် ဆုံးရှုံးစေပါသည်။

 

ထိုသို့ လူသားအားလုံးနှင့် သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် စားသောက်ကုန်ဘေးကင်းလုံခြုံမှုကို စီးပွားရေးလုပ်ငန်းများ၏ လုပ်ဆောင်ချက်အဆင့်တိုင်းတွင် ထည့်သွင်းပြုလုပ်ရမည် ဖြစ်သည်။ စားသောက်ကုန်ဘေးကင်းလုံခြုံမှု အရည်အသွေးနိမ့်ပါးခြင်းသည် လုပ်ငန်း၏ ကုန်အမှတ်တံဆိပ်ကို ထိခိုက်စေပြီး ရောင်းအားနှင့် အမြတ်ကိုလည်း ကျဆင်းစေသည်။ ဤစိန်ခေါ်မှုနယ်ပယ်အောက်တွင် I2N Challengeသည် အောက်ပါတို့ကို ဖြေရှင်းနိုင်မည့် ဆန်းသစ်တီထွင်သည့် ဖြေရှင်းချက်များကို ရှာ‌ဖွေလျက်ရှိပါသည်။

အစားအသောက်များ၏လုံခြုံမှု

စိုက်ပျိုးခင်းမှ သုံးဆောင်သည့်အချိန်ထိ စားသောက်ကုန်များ ပို့ဆောင်သည့် လမ်းကြောင်းကို ခြေရာခံနိုင်ရန်အတွက် တန်ဖိုးမြှင့်တင်ထားသော ခြေရာခံနိုင်သည့် နည်းပညာများ တီထွင်ခြင်း (သို့မဟုတ်) အသုံးချခြင်း။

စားသောက်ကုန်ဘေးကင်းလုံခြုံမှုနှင့် အရည်အသွေးကောင်းမွန်စေရန် ထုတ်ကုန်များကို စမ်းသပ်နိုင်မည့် ကုန်ကျစရိတ်သက်သာသော ကိရိယာများ တီထွင်ခြင်း (သို့မဟုတ်) အသုံးချခြင်း။ ဥပမာ - aflatoxins ရှာဖွေခြင်း၊ သီးနှံ နှင့် တိရိစ္ဆာန်များ၏ ရောဂါများကို ရှာဖွေသည့် အက်ပလီကေးရှင်းမျာ

စားသောက်ကုန်အမှတ်တံဆိပ်ဆိုင်ရာ နည်းပညာများ တီထွင်ခြင်း (သို့မဟုတ်) အသုံးချခြင်း။ ဥပမာ - အပူချိန်နှင့် စားသုံးနိုင်သည့် ကာလအပိုင်းအခြားကို ပြသရန်။

စားသောက်ကုန်ဘေးကင်းလုံခြုံမှုကို စောင့်ကြည့်စစ်ဆေးရန် မိုဘိုင်းလ်နည်းပညာများ အသုံးပြုခြင်း။ ဥပမာ- အပူချိန် ဖောက်ပြန်ပြောင်းလဲခြင်းများ ဖြစ်ပေါ်ပါက အချက်ပေးသည့် စာတိုမက်ဆေ့ချ်များ။ ရောဂါများကို ခံနိုင်ရည်ရှိသော ကောက်ပဲသီးနှံများ စိုက်ပျိုးခြင်းနှင့် တိရိစ္ဆာန်များကို မွေးမြူခြင်း။ GAP (Good Agricultural Practices), GMP (Good Manufacturing Practices), GHP (Good Handling Practices) စသော အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာ လေ့ကျင့်ရေးသင်တန်းများကို အဆင့်မြှင့်တင်နိုင်ရန် ပုံစံအသစ်များ တီထွင်ခြင်း (သို့မဟုတ်) အသုံးပြုခြင်း၊

Examples