ပြည်တွင်းရှိ အခြေခံ လူတန်းစားများအတွက် ဈေးနှုန်းသက်သာပြီး အာဟာရရှိသည့် စားသောက်ကုန်အသစ်များကို ထုတ်လုပ်ရန် (သို့မဟုတ်) မိတ်ဆက်ပေးရန် ဆန်းသစ်တီထွင်မှုရှိသည့် ဖြေရှင်းချက်တစ်ခုကို သင့်၏လုပ်ငန်းသည် မည်သို့ဖန်တီးနိုင်မည်နည်း။

စားသောက်ကုန်တစ်ခုကို မည်သို့ ပုံစံပြုလုပ်ပုံ၊ ထုတ်လုပ်ပုံဖြင့် စတင်ခြင်းသည် စားသောက်ကုန်စနစ်တွင် ရရှိမည့် အာဟာရဓာတ်များကို အမြင့်ဆုံးရရှိစေမည့် အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။

 

စားသောက်ကုန်ပုံစံဟု ဆိုလိုရာတွင် အောက်ပါအချက်များမှ စတင်ကာ စားသောက်ကုန်တစ်ခုလုံး၏ အဆင့်ဆင့်ကို ထည့်သွင်းစဉ်းစားခြင်းဖြစ်သည်။

 

မည်သို့စိုက်ပျိုးပုံ (ဥပမာ - မျိုးစေံမျိုးကွဲများ ထုတ်ဖော်ခြင်း) မည်သို့ပြင်ဆင်ပုံ (ဥပမာ - ထုတ်ကုန် ထုတ်‌ဖော်မှုပုံစံကို ပြန်လည်ဆန်းသစ်ခြင်း သို့မဟုတ် အဟာရဓာတ်များခိုင်မာစွာ ရရှိ‌အောင်ပြုလုပ်ခြင်း) စားသုံးသူတို့အတွက် ထည့်သွင်း ဆုံးဖြတ်နိုင်စွမ်း (ဥပမာ - အာဟာရရှိသည့် အနံ့အရသာ ဂုဏ်သတ္တိများ တိုးမြှင့်ခြင်း)

 

ဤဆန်းသစ်တီထွင် ဖန်တီးမှုနယ်ပယ်အောက်တွင် I2N Challengeသည် အောက်ပါအကြောင်းအရာကို ဖြေရှင်းနိုင်မည့် ဆန်းသစ်တီထွင်သည့် ဖြေရှင်းချက်များကို ရှာ‌ဖွေလျက်ရှိပါသည်။

စားသောက်ကုန်ပုံစံဖြေရှင်းချက်

ဒေသထွက်စားသောက်ကုန်များကို အဆင့်မြှင့်တင်အသုံးပြုကာ စားသောက်ကုန်အသစ်များကို ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်ခြင်း။

ဥပမာ - ကောက်ပဲသီးနှံများကို အခြေခံသည့် စားသောက်ကုန်များ၊ ပြောင်းမျိုးနှံစားပင် sorghum၊ amaranthနှင့် အခြားသော အာဟာရပါဝင်မှု များသည့် မျိုးစေ့များ။ စားသောက်ကုန် ထုတ်လုပ်ရာတွင် သကြားပါဝင်မှု၊ အဆီနှင့် ဆားပါဝင်မှု လျှော့ချခြင်းတို့ကို အဓိကထားသည့် ထုတ်ကုန်ပြန်လည်ဖော်ထုတ်ရာတွင် ရင်းနှီးမြှုပ်နှံခြင်း။

လိမ္မော်ရောင်အသားရှိသည့် ကန်စွန်းဥအမှုန့်များကဲ့သို့သော အာဟာရပိုမိုရရှိစေရန် အထူးပြုလုပ်ထားသည့် ပစ္စည်းများပါဝင်သည့် ထုတ်ကုန်အသစ်များ ထုတ်လုပ်ခြင်း။ လက်ရှိထုတ်ထားသော အာဟာရကြွယ်ဝခိုင်မာစွာရရှိစေရန် ပြုလုပ်ထားသည့် စားသောက်ကုန်များကို ဈေးကွက်အသစ်များသို့ မိတ်ဆက်ပေးခြင်း။ အခြားရွေးချယ်နိုင်သော အသားဓာတ်များကို တီထွင်ခြင်း။ ဥပမာ- အင်းဆက်များမှ ရရှိသော အသားဓာတ်၊ အပင်မှ ရရှိသော အသားဓာတ်။

စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာအသစ်များ အသုံးပြုခြင်း။ ဥပမာ- ထုတ်လုပ်မှု နည်းပညာမြင့် 3D-printed စားသောက်ကုန်များ၊ စားသုံးနိုင်သော စားသောက်ကုန် အပေါ်ယံအလွှာများ အသုံးပြုခြင်း၊ ကလပ်စည်းများ ပါဝင်သော စိုက်ပျိုးခြင်းများ။

Examples