သင်၏လုပ်ငန်းအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသော အစားအစာများ၏ အရေးပါမှုအား စားသုံးသူများထံသို့ ပညာပေးရန် မည်သို့သော ဆန်းသစ်သောဖြေရှင်းချက်များ ဖန်တီးနိုင်မည်နည်း?

စားသုံးသူတို့၏ အသိရှိခြင်းနှင့် အာဟာရအသိပညာပေးခြင်းတို့သည် SBN ၏အဓိကနယ်ပယ်များထဲမှ တစ်ခုဖြစ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများနှင့် တာဝန်ယူမှုရှိသော စာသုံးမှုပုံစံ၏ အရေးပါခြင်းကို သိရှိသော အသိပညာသည် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများကြားတွင် အားနည်းလျက်ရှိပါသည်။ ရလာဒ်အနေဖြင့် မြန်မာလူမျိုးအများစုသည် ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်းတို့ဖြစ်လာပြီး သွေးတွင်းအာဟာရဓာတ်နည်းပါးခြင်းနှင့် မကူးစက်နိုင်သော ရောဂါဖြစ်သော ဆီးချို၊ သွေးချိုရောဂါများ ခံစားလာရပါသည်။ SUN Business Network သည် အာဟာရပြည့်ဝစွာ စားသုံးခြင်း၏ အရေးပါမှုကို စားသုံးသူများအား အသိပညာပေးခြင်းလုပ်ငန်းများအား ကူညီထောက်ပံ့ပေးရန် ရည်ရွယ်ပါသည်။ စားသုံးသူများကြားတွင်ရှိနေသော အာဟာရနှင့်ပက်သက်သော အသိပညာများသည်လည်း ကန့်သတ်မှုများရှိနေပါသည်။ စားသုံးသူများသည် အစားအစာများဝယ်ယူရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝသော ရွေးချယ်မှုများကို ရွေးချယ်ဝယ်ယူရန် သတင်းအချက်အလက်များလည်း လိုအပ်လျက်ရှိပါသည်။ စားသုံးသူများအား ဆန်းသစ်သော ထိတွေ့ဆက်သွယ်ခြင်းနှင့် အသိပညာပေးခြင်း စီးပွားရေးပုံစံငယ်များသည် စားသုံးသူများအား ကျန်းမာသော ရွေးချယ်မှုများပြုလုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

 

ဤဆန်းသစ်တီထွင် ဖန်တီးမှုနယ်ပယ်အောက်တွင် I2N Challengeသည် အောက်ပါတို့ကို ဖြေရှင်းနိုင်မည့် ဆန်းသစ်တီထွင်သည့် ဖြေရှင်းချက်များကို ရှာ‌ဖွေလျက်ရှိပါသည်။

စားသုံးသူတို့၏ အသိရှိမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း

ပစ်မှတ်ထား လူမှုကွန်ရက်များဖြင့် လွှမ်းမိုးခြင်း။ ။ လူမှုကွန်ရက်လမ်းကြောင်းများနှင့် ကျော်ကြားသူတို့မှတစ်ဆင့် သတင်းအချက်အလက်များပါဝင်သော အကြောင်းအရာများဖန်တီး၍ စားသုံးသူများကို အသိပညာပေးခြင်း။

စားသောက်ကုန်များ အာဟာရတန်ဖိုးသတ်မှတ်ခြင်း။ ။ စားသောက်ကုန်များ၏ အာဟာရတန်ဖိုးသတ်မှတ်ချက်များကို အပတ်စဉ် (သို့မဟုတ်) လစဉ် ဒစ်ဂျစ်တယ် ကတ်တလော့ (သို့မဟုတ်) မိုဘိုင်းဖုန်း အက်ပလီကေးရှင်းများဖြင့် စစ်ဆေးနိုင်ခြင်း။

အာဟာရတန်ဖိုးများကို ကျူအာကုတ်များဖြင့် ဖော်ပြခြင်း။ ။ စားသောက်ကုန်တစ်ခုချင်းစီ၏ အာဟာရတန်ဖိုးသတင်းအချက်အလက်များကို စားသောက်ကုန်များတွင် ကျူအာကုတ်များဖြင့် ဖော်ပြခြင်း။

အတုအပများအား ဖြေရှင်းနိုင်မည့်ဖြေရှင်းချက်များ။ ။ မိုဘိုင်းဖုန်းနည်းပညာများကိုအသုံးပြု၍ အတုအပများအား ခြေရာခံစစ်ဆေးနိုင်သော ဖြေရှင်းချက်များ။

Examples